ဆန်းသလားကွာ
ဒီလမ်းကိုဒီအချိုးနဲ့
ဒီခရီးကိုဒီနည်းနဲ့
ခရီးနှင်မှတော့
မင်း
ခရီးတွင်ဖို့
မမျှော်လင့်နဲ့တော့
အေး……
ခရီးပေါက်တဲ့လူတွေ
ခရီးရောက်တဲ့လူတွေအားလုံး
လမ်းမကြီးပေါ်ခြေမချခင်
ဘယ်ခရီးကိုဘယ်နည်း
ဘယ်စခန်းကိုဘယ်လမ်း
အကြိမ်ကြိမ်တွေးပြီး
အခါအခါသုံးသပ်လို့
အချိန်ယူပြီးပြင်ဆင်ကြတာ
ဘာတစ်ခုမှမတွက်ချက်ဘဲ
သူများလျှောက်လို့
လိုက်လျှောက်ရုံနဲ့
ခရီးမတွင်မှ
မညည်းချင်ပါနဲ့
ဘယ်သူ့အပြစ်လဲသူငယ်ချင်း...။
မင်းအုပ်စိုး
ဒီလမ်းကိုဒီအချိုးနဲ့
ဒီခရီးကိုဒီနည်းနဲ့
ခရီးနှင်မှတော့
မင်း
ခရီးတွင်ဖို့
မမျှော်လင့်နဲ့တော့
အေး……
ခရီးပေါက်တဲ့လူတွေ
ခရီးရောက်တဲ့လူတွေအားလုံး
လမ်းမကြီးပေါ်ခြေမချခင်
ဘယ်ခရီးကိုဘယ်နည်း
ဘယ်စခန်းကိုဘယ်လမ်း
အကြိမ်ကြိမ်တွေးပြီး
အခါအခါသုံးသပ်လို့
အချိန်ယူပြီးပြင်ဆင်ကြတာ
ဘာတစ်ခုမှမတွက်ချက်ဘဲ
သူများလျှောက်လို့
လိုက်လျှောက်ရုံနဲ့
ခရီးမတွင်မှ
မညည်းချင်ပါနဲ့
ဘယ်သူ့အပြစ်လဲသူငယ်ချင်း...။
မင်းအုပ်စိုး
No comments:
Post a Comment