ချောင်းကိုပစ်လို့
မြစ်ကိုရှာ
ရေသာများ၍ ငါးမတွေ့
လူကြီးတွေကပြောခဲ့လည်း
ချောင်းကိုပစ်ပစ်သွားတဲ့ တံငါတွေ
တဖြည်းဖြည်းများလာတော့
ချောင်းကိုယ်တိုင်တောင်
သူ့ကိုယ်သူ
သံသယဖြစ်လာတယ်။
ငါကိုယ်တိုင်ပဲ
ချောင်းမဖြစ်တော့တာလား။
သူတို့ကပဲ
ငါ့ကို
ချောင်းလို့မသတ်မှတ်တော့တာလား။
ဒါမှမဟုတ်ရင်လည်း
ချောင်းဆိုတာ
မရှိတော့တာလား။
ဒါမှမဟုတ်ရင်လည်း.....
အဲဒီလို
သိမ်ငယ်တဲ့ အတွေးတွေ
ဖိစီးလာတော့
ချောင်းကိုယ်တိုင်
သူ့ကိုယ်သူလိပ်ပြီး
မြစ်ထဲမှာပဲ
ဆင်းသေလိုက်တော့တယ်။
ရေသာများ၍ ငါးမတွေ့
လူကြီးတွေကပြောခဲ့လည်း
ချောင်းကိုပစ်ပစ်သွားတဲ့ တံငါတွေ
တဖြည်းဖြည်းများလာတော့
ချောင်းကိုယ်တိုင်တောင်
သူ့ကိုယ်သူ
သံသယဖြစ်လာတယ်။
ငါကိုယ်တိုင်ပဲ
ချောင်းမဖြစ်တော့တာလား။
သူတို့ကပဲ
ငါ့ကို
ချောင်းလို့မသတ်မှတ်တော့တာလား။
ဒါမှမဟုတ်ရင်လည်း
ချောင်းဆိုတာ
မရှိတော့တာလား။
ဒါမှမဟုတ်ရင်လည်း.....
အဲဒီလို
သိမ်ငယ်တဲ့ အတွေးတွေ
ဖိစီးလာတော့
ချောင်းကိုယ်တိုင်
သူ့ကိုယ်သူလိပ်ပြီး
မြစ်ထဲမှာပဲ
ဆင်းသေလိုက်တော့တယ်။
မင်းအုပ်စိုး
No comments:
Post a Comment