Thursday, July 31, 2014

ပြည်သူတွေက ပြည်သူတွေကို


နှုတ်ပါးစပ်ဖျားက
စွင့်ကားလင်းလက် ငြိမ်းချမ်းရေး
ဝေးနေပါရဲ့ နှေးကွေးဝေးလံ…..

ပြည်သူတွေ ငတ်မွတ်ဘေးကြုံမှ
ပြည်သူတွေ ခြေပြတ်လက်ပြတ်ဖြစ်မှ
ပြည်သူတွေ သေကျေပျက်စီးကုန်မှ
လက်မထောင်ပြီး တင်းတိမ်မှာလား….

ဒုက္ခသည်စခန်းမှာ
ဝမ်းနည်းပန်းလျ ထောက်ပံ့ကူညီ
ပြည်သူကိုဆုံတွေ့ စိတ်ထားဖြူ
ပြည်သူတွေကပဲ အားပေးကရုဏာ….

ပုသိမ် မောင်ကြေးရည်

No comments:

Post a Comment