Wednesday, July 30, 2014

ယောက်ျားအသည်း


မျက်ရည်ပေါက်ပေါက်ကျမှ
သက်သေ နောက်တစ်ယောက်ရသလို
အရှက်ပြေ လျှောက်မပြချင်ဘူး။

ပြုပြင်စရာ ဘ၀ အယိုင်အကျိုးကို
ဖော်-ရှိုး လုပ်ပြီး၊
ရင်ဘတ်စည်တီး၊ ငိုကြီးချက်မ
ခွေကျပြရတဲ့
အနုပညာ ဖက်ခွက်စား လိုမျိုး
ငါမျက်ရည်ခံမထိုးဘူး။

အားမတန်လို့
မာန်လျှော့ခဲ့ရရင်တောင်
နောက်တစ်ခါ ပြန်အမော့မှာ
လန်ကော့ ရှုံးနိမ့်သွားပါစေ
ငါ့သွေး
ရဲတယ်။
ဘယ်တော့မှ
မျက်ရည်မ၀ဲဘူး။

မဖောက်ပြားဘဲ
နှစ်ယောက်သားခွဲရရင်လည်း၊
မျက်ရည်တွေကို
ခေါက်ထားဆဲ။

မင်းသိပါတယ်
ငါက...
ကျောက်သားအသည်း
ဘာလို့ ငိုရမှာလဲ
ငါ...
ယောက်ျားပဲ။


မောင်လှမျိုး (ချင်းချောင်းခြံ)

No comments:

Post a Comment