Thursday, July 31, 2014

''အားလုံးပဲဟောင်းနွမ်းလွန်းလို့ အသစ်ကပြန်စကြစို့''


ဘာပြောတယ်
မပြောမပြီး
မတီးမမြည်
ဟုတ်လား
ခင်ဗျားမို့လို့ ပြောထွက်တယ်ဗျာ
ပြောခဲ့တာလည်း ခင်ဗျားပဲ
ဖြစ်ချင်တာတွေ ပြီးခဲ့လို့လား
ခင်ဗျားပဲတီးခဲ့တာလေ
မြည်ခဲ့လို့လား ကြားချင်တာတွေ
ဒီမှာဟေ့လူ
တွန်းရင် ရွေ့တယ်ဆိုတာ
သီအိုရီအရပဲမှန်တာ
မရွေ့ချင်လို့ရပ်နေတာကို
ပြိုင်တူမကလို့ နှစ်ပြိုင်တူပဲတွန်းတွန်း
လှုပ်မှာတောင်မဟုတ်ဘူး
ဒီတော့ဗျာ
ပြောတာတွေ တီးတာတွေ
အသာထားပြီး
တစ်ချက်လောက်ဖြစ်ဖြစ်
ရွေ့သွားဖို့အတွက်
အစီအစဉ်ပြောင်းရင်
မကောင်းဘူးလား။

(ကိုညီထွဋ် သီဆိုသော သီချင်းတစ်ပုဒ်မှ စာသားကို ခေါင်းစဉ်အဖြစ် သုံးထားပါသည်)
မင်းအုပ်စိုး

No comments:

Post a Comment