ဒီအရပ်မှာ ရှိနေခဲ့တာ
ပင်ပျိုကတည်းကပါ
တောတွေကနေ
စပါးနှံစိမ်းစိမ်းတွေအဖြစ်
အသွင်ပြောင်းသွားတာလည်း
ကြုံခဲ့ဘူးတယ်။
တသွင်သွင်စီးဆင်းနေတဲ့
ချောင်းကွေးကွေး
မြောင်းကလေးဖြစ်သွားတာလည်း
မြင်ခဲ့ဘူးတယ်။
အိပ်တန်းပြန်တဲ့ ဗျိုင်းဖြူဖြူတွေဆိုတာ
ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်
လက်သင့်ခံခဲ့ဘူးတာပေါ့။
ငါ့အရိပ်အောက်မှာ
အရာရာဟာ ပြောင်းလဲသွားကြတာ
ဖျတ်ကနဲဆို
လယ်ကွင်းပြင်မှာ
အရိပ်ထင်နေတဲ့
ကိုယ့်ကိုကိုယ် မြင်လိုက်ရတော့
သြော်...
ငါလည်း အရိုးပြိုင်းပြိုင်းနဲ့ပါပဲလား။
မင်းအုပ်စိုး
ပင်ပျိုကတည်းကပါ
တောတွေကနေ
စပါးနှံစိမ်းစိမ်းတွေအဖြစ်
အသွင်ပြောင်းသွားတာလည်း
ကြုံခဲ့ဘူးတယ်။
တသွင်သွင်စီးဆင်းနေတဲ့
ချောင်းကွေးကွေး
မြောင်းကလေးဖြစ်သွားတာလည်း
မြင်ခဲ့ဘူးတယ်။
အိပ်တန်းပြန်တဲ့ ဗျိုင်းဖြူဖြူတွေဆိုတာ
ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်
လက်သင့်ခံခဲ့ဘူးတာပေါ့။
ငါ့အရိပ်အောက်မှာ
အရာရာဟာ ပြောင်းလဲသွားကြတာ
ဖျတ်ကနဲဆို
လယ်ကွင်းပြင်မှာ
အရိပ်ထင်နေတဲ့
ကိုယ့်ကိုကိုယ် မြင်လိုက်ရတော့
သြော်...
ငါလည်း အရိုးပြိုင်းပြိုင်းနဲ့ပါပဲလား။
မင်းအုပ်စိုး
No comments:
Post a Comment