ပိုးသတ်ဆေးက
ဆေးရုံမှာ မလုံလောက်ပေမယ့်
ဈေးရုံက ငါးခြောက်ပုံမှာတော့
အလုံအလောက်ပါဘဲ။
တမြို့လုံး…
ဟောင်းနွမ်း စုတ်ပြတ်နေပေမယ့်
စားစရာတွေကတော့…
ရောင်စုံတောက်ပ
ဆိုးဆေး တမြမြနဲ့ပေါ့
ဓာတ်မသိရင်
ဓာတ်ငါးပိနဲ့တောင်
ညားဦးမယ်။
ရေလျှံမယ်
လေထန်မယ်
လှေခွက်ချည်းကျန်
အသေမမြန်ချင်ရင်တော့
ဓာတ်ကြိုးလည်း ကြည့်
မြောင်းပေါက် သတိ
ဒေါသထွက်နေတဲ့ လူအုပ်ကြီးလည်း ရှိသတဲ့….။
တနေ့တလံလောက်
အင်တာနက် မြန်နေပုံမျိုးနဲ့
ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်း
တွေ့
ဆုံ
ပြန်ပစ်
သံသရာတွေ
တရစ်ပြီး တရစ်ပေါ့။
လွှတ်တော်မလဲ
တိုင်းရေး ပြည်ရေး
ခေါင်းပေါင်းနဲ့ ကြက်အရေး ဆိုသလိုပ
ကြက်ဥအရောင် တိမ်တောင်သဖွယ်
မင်ရေးကျယ်နေလိုက်ပုံများ။
အနာဂတ်ကတော့
“တတ်”ဖို့မလို
“နပ်”ဖို့ လိုတယ် ဆိုတဲ့သူတွေနဲ့
“တတ်” လည်း တတ်
“နပ်” လည်း နပ် သူတွေရဲ့
တနပ်စားအကြံ
ကစားကွက်ထဲမှာဘဲ။
ဆေးရုံမှာ မလုံလောက်ပေမယ့်
ဈေးရုံက ငါးခြောက်ပုံမှာတော့
အလုံအလောက်ပါဘဲ။
တမြို့လုံး…
ဟောင်းနွမ်း စုတ်ပြတ်နေပေမယ့်
စားစရာတွေကတော့…
ရောင်စုံတောက်ပ
ဆိုးဆေး တမြမြနဲ့ပေါ့
ဓာတ်မသိရင်
ဓာတ်ငါးပိနဲ့တောင်
ညားဦးမယ်။
ရေလျှံမယ်
လေထန်မယ်
လှေခွက်ချည်းကျန်
အသေမမြန်ချင်ရင်တော့
ဓာတ်ကြိုးလည်း ကြည့်
မြောင်းပေါက် သတိ
ဒေါသထွက်နေတဲ့ လူအုပ်ကြီးလည်း ရှိသတဲ့….။
တနေ့တလံလောက်
အင်တာနက် မြန်နေပုံမျိုးနဲ့
ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်း
တွေ့
ဆုံ
ပြန်ပစ်
သံသရာတွေ
တရစ်ပြီး တရစ်ပေါ့။
လွှတ်တော်မလဲ
တိုင်းရေး ပြည်ရေး
ခေါင်းပေါင်းနဲ့ ကြက်အရေး ဆိုသလိုပ
ကြက်ဥအရောင် တိမ်တောင်သဖွယ်
မင်ရေးကျယ်နေလိုက်ပုံများ။
အနာဂတ်ကတော့
“တတ်”ဖို့မလို
“နပ်”ဖို့ လိုတယ် ဆိုတဲ့သူတွေနဲ့
“တတ်” လည်း တတ်
“နပ်” လည်း နပ် သူတွေရဲ့
တနပ်စားအကြံ
ကစားကွက်ထဲမှာဘဲ။
Mg Han
No comments:
Post a Comment