လေထဲကငှက်
ကောင်းကင်ထက်ဝယ်
တောင်ပံ ဖျတ်ဖျတ်နဲ့
လွတ်လပ်နေဆဲ ……..
ရေထဲကငါး
သမုဒ်ပြင် တလွှားဝယ်
မရပ်မနား ကူးခတ်
လွတ်လပ်နေဆဲ …….
တောမှ ရွှေသမင်
တော မြေပြင်ကြား
ပြေးလွှားခုန်ပေါက်
လွတ်မြောက်နေဆဲ ……..
လွတ်လပ်ခြင်း ကိုအရောင်ထွင်းလို့
မုန်တိုင်းမြစ်တစ်စင်း ဖြတ်တဲ့အခါ
ငှက်ငယ် အတောင်ကျိုး
ငါးမျိုး ပိုက်ဝင်
ရွှေသမင် ကျားစား
ကံတရားက ဆန်းပေစွ …….
ဘိုရဲ ( ၂၇၊၅၊၁၄ )
ကောင်းကင်ထက်ဝယ်
တောင်ပံ ဖျတ်ဖျတ်နဲ့
လွတ်လပ်နေဆဲ ……..
ရေထဲကငါး
သမုဒ်ပြင် တလွှားဝယ်
မရပ်မနား ကူးခတ်
လွတ်လပ်နေဆဲ …….
တောမှ ရွှေသမင်
တော မြေပြင်ကြား
ပြေးလွှားခုန်ပေါက်
လွတ်မြောက်နေဆဲ ……..
လွတ်လပ်ခြင်း ကိုအရောင်ထွင်းလို့
မုန်တိုင်းမြစ်တစ်စင်း ဖြတ်တဲ့အခါ
ငှက်ငယ် အတောင်ကျိုး
ငါးမျိုး ပိုက်ဝင်
ရွှေသမင် ကျားစား
ကံတရားက ဆန်းပေစွ …….
ဘိုရဲ ( ၂၇၊၅၊၁၄ )
No comments:
Post a Comment