မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ
ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော်
မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့
...) ပျံရင်းသေ။
ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက
ရှေ့မှာမွှေ
တောမီးတွေက
ရှေ့မှာဝိုင်း။
ခြင်္သေ့က မြက်မစား
ကျားက
ကြွက်မချောင်း
မိချောင်းက
ဖွတ်လိုမနေ
အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို
ဟောဟိုတောဆီသို့
အမောခံ
ဇောမာန်တင်းပါလို့
ပျံရင်းသေ
ခရီးဆက်မယ်တဲ့
(အဲဒါ..)
ငှက်တို့ရဲ့သမိုင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
No comments:
Post a Comment