ဇရာကျ၍
ရခဲ့ဒဏ်ရာ၊
ငါ့ခန္ဓာ၌
ရောဂါမျိုးစုံပါတကား။
ဇရာကဖိ၊ တအိအိ
ဗျာဓိကဖဲ့၊
ငါ့ကိုယ်နဲ့လည်း
မနဲ့ကလောင်၊
ငါ “ဇော်နောင်”
နောင်တမဆို၊
စာသားဆိုသည်။
အို-နာ-သေရေး၊
လာမည့်ဘေး
အရေးမဟုတ်၊
ကျွန်ုပ်ပြည်သူ
အောင်လံထူဖို့၊
ကူညီအားပေး
ကဗျာရေးဆဲ
ဒီမိုကရေစီအရေး
အရေး…..အရေး……အရေး
အရေးတော်ပုံ
အောင်စေသတည်း။
( ဇော်နောင်
)
No comments:
Post a Comment