အညှောင့်ထွက်စ
ပေါင်းပင်တွေကြား၊
လှုပ်ရှားရုန်းကန်
အားမာန်ကိုတင်း၊
စစ်ခင်းပြီးမှ
ရှင်သန်ခဲ့ရ…..
ရသောဒဏ်ရာ
နက်ရှိုင်းစွာ။
ဥယျာဉ်မှူးတို့၊
သူရို့ဘာသာ
ပြဿနာကို၊
ရှုပ်ကာထွေးလျက်
နွေးသောရင်ငွေ့၊
မပျော်မွေ့ရ
ခြောက်သွေ့ရာသီ၊
အလီလီကြောင့်
မရည်ရွယ်သော၊
စရိုက်နှောသည်
ပျိုသောဘဝ
ကြမ်းတမ်းစွ။
အပင်ဗီဇ၊
ချိုမြလှသည့်
အသီးအပွင့်၊
ပင်မှာဆင့်၍
တင့်သောဘာဝ၊
ရှိကြပါလျက်
နှောင့်ယှက်ဖျက်ဆီး၊
အတ္တမီးနှင့်
ပေါင်းစည်းဝန်းကျင်၊
လောင်းရိပ်ဆင်ခဲ့
ဆို့လျှင်စိတ်ထဲ
အမြဲစွဲ။
( နှင်းငွေ့
- မန္တလေး)
No comments:
Post a Comment