မနက်လင်းကတည်းက
စိုးရိမ်စိတ်က
ညအိပ်မက်အထိ
လက်တံရှည်လျားစွာ……။
ကြည်နူးပျော်ရွှင်
ရယ်မောခြင်းတွေက
စိုးရိမ်စိတ်ရဲ့
ခြောက်လှန့်မှုကြောင့်
အနားတောင်
မသီရဲပြန်ဘူး။
စိုးရိမ်စိတ်တွေဟာ
အနက်ခင်း
သတင်းစာမျက်နှာဖုံးမှာ
လူကြီးလူကောင်းလို
အခန့်သားနေရာယူတယ်။
အယ်ဒီတာ့အာဘော်ကအသ
စိုးရမိသံတွေတဂွမ်ဂွမ်နဲ့…..
အတွင်းသတင်း
အပြင်သတင်း
အချပ်ပိုသတင်း
နောက်ကျောဖုံးသတင်း
အရာရာဟာ စိုးရိမ်စိတ်မကင်းဘူး။
အတ္တမာန်မာနနဲ့
လောမောဒေါတွေ
အာဏာရှင်စိတ်ဓာတ်တွေ
ဘယ်တော့အဆုံးသတ်မလဲ…..။
အမေအရင်းက
သားငယ်ကိုနာကျင်မှာစိုးလို့
ဘီလူးမလက်ထဲက
အတင်းပြန်မလုဘဲ
ထားလိုက်ရမှာလား…..။
ငါ့မိသားစု
အိမ်ခြံကိုရော သူတို့ပိုင်ဆိုပြီး
ဘယ်တော့ လာသိမ်းမလဲ…..။
ဘာသာရေး အဓိကရုဏ်ဒးတွေ
ဘယ်တော့ ဖန်တီးမလဲ…..။
အဆိုးဆုံး
လမ်းမမှာ
လမ်းလျှောက်နေတာက အစ
ဓာတ်ကြိုးခေါင်းပေါ်
ဘယ်တော့ ပြတ်ကျမလဲ…..။
စိုးရိမ်စိတ်တွေက
အပ်ကြောင်းထပ်လာတယ်
စိုးရိမ်စိတ်တွေကြောင်း
ဘ၀ဟာမလုံခြုံတော့ဘူး
စိုးရိမ်စိတ်တွေက
အကဲဆတ်လာနိုင်တယ်
ခက်ထန်မာကျောပြီး
တုံ့ပြန်မှုမြန်ဆန်လာနိုင်တယ်။
စိုးရိမ်စိတ်တွေဟာ
ဂငယ်ကွေ့အတွက်
တွန်းအားဖြစ်လာနိုင်တယ်။
ဟူး……
စိုးရိမ်စိတ်တွေ
ဘယ်တော့ပျောက်မလဲလို့
စိုးရိမ်စရာ
ထပ်တိုးလာပြန်တယ်။
( မောင်ဆောင်းခ
)

No comments:
Post a Comment