Saturday, August 9, 2014

အရှုံးမပေးနဲ့


လျှောက်လှမ်းရတဲ့ လမ်းကြောင်းကြမ်းလို့  ဘဝတွေ မောပန်းနေပြီလား . . . ?
စိတ်ဓါတ် ကျစရာလား . . . ?
ဟိုမှာ ကြည့်လိုက်စမ်းပါ သူငယ်ချင်း . . . ?
ကျေးငှက် ကလေးတွေက
သူတို့ အတောင်တွေနဲ့ လေဟုန်ခွင်းလို့ 
အစာရှိရာကို ခရီးဆက် နေလေရဲ့။

ငါး ကလေးတွေကို ကြည့်စမ်းပါဦး . . .
ရေစီးကို အဆန် ခရီး ပြုလုပ်နေပြီး . . .
အားမာန် သုံးလို့  ကူးခတ်နေလေရဲ့။

ဟိုမှာ ခရုငယ်လေး တစ်ကောင်လေ . . .
သူ့  ဦးတည်ရာကို ရောက်ဖို့  . . .
နှေးကုတ်ကုတ်နဲ့ အားထုတ်နေလေရဲ့။

မိမိ တစ်ယောက်ထဲမှ မဟုတ်ပဲ
မဆုံးသေးတဲ့ ဒီခရီး ကို သူတို့ တစ်တွေ
တစ်ချက်လေး များ ညည်းတွားခဲ့လို့ လား . . . ?
အရှုံး မပေးလိုက်ပါနဲ့ သူငယ်ချင်းရယ်
အားအင်ဖြည့်ကာ ရှေ့ဆက်လှမ်းကြပါစို့  နော် . . . 

No comments:

Post a Comment