အရွယ်အိုနေ
တိန့်ပါးရေနှင့်
ဖြူနေဆံသား
အသံများတုန်
စွမ်းအားကုန်ခန်း
လူမစွမ်းလည်း
လန်းဆန်းမေတ္တာ
ရင်တွင်းမှာတည်။
သူ့မှာအိုနေ
ခွန်အားတွေမဲ့
နွမ်းနေခဲ့လည်း
သူ့အသည်းမှာ
မြဲစွဲကာတည်
ရှိနေသည်က
ရင်စီဖြစ်ပွား
သမီးသားတွက်
သူကားအသက်
ပေးဆပ်ချင်သူ
အမေဟူသည်။ ။
( မင်းည
)

No comments:
Post a Comment