အမေ
ခွန်းခြွေဖွဲ့စကား
အမှန်တရားကို သက်သေပြု
ဂရုဓမ္မ အလှသစ္စာ
အခိုင်အမာစွဲကိုင်
ကျောက်စာတိုင်သို့ပမာ
ထာဝရခိုင်ကျည်
တံ့တည်မြဲမြံ ပဲ့တင့်နေ။
အမေ
ကောင်းမွေလက်ဆင့်ကမ်း
ပန်းခင်းလမ်းကိုဖောက်၏
လျှောက်နိုင်ကြစေသား
စွမ်းအားသစ်တွေပေးဝေ
ရွှေရောင်အနာဂတ်
မြတ်နိုးမျှော်ရည်
လင်းလက်ရောင်ခြည်အရုဏ်ဥိး
ကြည်နူးမှုတွေနဲ့ပွေ့ဖက်
ခရီးဆက်ဖို့လမ်းပြညွှန်။
အမေ
အ၀ှန်ငြိမ့်ငြိမ့် ရေတံခွန်
စီးသွန်းမေတ္တာအဟုန်
ယုံကြည်ချက်အလံလွှင့်
ရင့်ကျက်တဲ့စိတ်ထားနဲ့
ဖ၀ါးမှာ သွေးလူး
နဖူးမှာ ချွေးဥစီ
ဘာမထီ ကြံ့ကြံ့ခံလို့
မနက်ဖြန်မှာ ဟစ်ကြွေးမယ့်
အောင်တေးသံ ချိုမြိန်မြိန်ကို
မစိုးရိမ် မကြောင့်ကြဘဲ
ပြုံးစစနဲ့ စောင့်နေတယ်။
(တိုးဝေ)
No comments:
Post a Comment