ထစ်ခနဲဆို
ငါ့လာမကြည့်နဲ့
ငါဘာကောင်လဲ သိသွားမယ်ဆိုတဲ့ခေတ် ...
လူဖြစ်ရတာ နည်းနည်းတော့ စိတ်ပျက်လာသလိုလို ...
ငါ့လာမကြည့်နဲ့
ငါဘာကောင်လဲ သိသွားမယ်ဆိုတဲ့ခေတ် ...
လူဖြစ်ရတာ နည်းနည်းတော့ စိတ်ပျက်လာသလိုလို ...
ကိုယ့်ကိုးကွယ်မှုကို
အချိုများများထည့်
သူများရဲ့ယုံကြည်မှုကို အခါးခါးများများဖြူး ...
မနူးမနပ် အတွေးအမြင်နဲ့
စကားလုံးတွေဟာ အချဉ်ပေါက်လာခဲ့ပြီ ...
သူများရဲ့ယုံကြည်မှုကို အခါးခါးများများဖြူး ...
မနူးမနပ် အတွေးအမြင်နဲ့
စကားလုံးတွေဟာ အချဉ်ပေါက်လာခဲ့ပြီ ...
လမ်းမပေါ်ထွက်ရင်
သူများကို မယုံချင်သလိုမျက်နှာပေးနဲ့
ကိုယ့်အတ္တကို အစွယ်တသွေးသွေး
ကိုယ့်မျက်ချေးကို ဟန်ရေးတပြပြ ..
သူများကို မယုံချင်သလိုမျက်နှာပေးနဲ့
ကိုယ့်အတ္တကို အစွယ်တသွေးသွေး
ကိုယ့်မျက်ချေးကို ဟန်ရေးတပြပြ ..
ဘိုးဘေးဘီဘင်တွေကိုမှ
အားမနာ ...
ကိုယ့်ကိုယ်ကိုယ် "မြန်မာ" ပါလို့ တံဆိပ်တပ် ...
ကိုယ့်ကိုယ်ကိုယ် "မြန်မာ" ပါလို့ တံဆိပ်တပ် ...
ကိုယ့်ဖိနပ်ပဲကိုယ်စီးစီး
...
ကိုယ့်ထီးပဲကိုယ်ဆောင်းဆောင်း ...
ဒီမယ် ကိုယ့်လူ ...
ယုံကြည်မှုဆိုတာ ဘယ်တော့မှ တစ်လမ်းမောင်းမဟုတ်ဘူး ...
ကိုယ့်ထီးပဲကိုယ်ဆောင်းဆောင်း ...
ဒီမယ် ကိုယ့်လူ ...
ယုံကြည်မှုဆိုတာ ဘယ်တော့မှ တစ်လမ်းမောင်းမဟုတ်ဘူး ...
ဆုပ်လည်းစူး
စားလည်းရူးဆိုတဲ့ ကိစ္စ ...
စိတ်ချ ... လူတွေက အဲဒီလောက်မ "အ" ဘူး ...
စိတ်ချ ... လူတွေက အဲဒီလောက်မ "အ" ဘူး ...
ကိုယ်ခူးထားတဲ့
ပန်းက အဆိပ်ဆိုရင်
ကိုယ်ပျိုးထားတဲ့ အပင်ကရောဘာလဲ ...
နည်းနည်းတော့ ပြန်စဉ်းစား ...
ကိုယ်ပျိုးထားတဲ့ အပင်ကရောဘာလဲ ...
နည်းနည်းတော့ ပြန်စဉ်းစား ...
လောကကြီးက
ခင်ဗျားထင်သလိုမဟုတ်ဘူး ...
အနည်းနဲ့အများတော့ တရားပါတယ်
ခင်ဗျား သူ့ကို သိပ်အရွဲ့မတိုက်ရင်ပေါ့ဗျာ ...
အနည်းနဲ့အများတော့ တရားပါတယ်
ခင်ဗျား သူ့ကို သိပ်အရွဲ့မတိုက်ရင်ပေါ့ဗျာ ...
No comments:
Post a Comment