အဏုမြူဗုံး
လူညွန့်တုံးကို
အားလုံးလူသားမုန်းကြသည်။
သို့ဖြစ်ပါ၍…
ကမ္ဘာတစ်ဝန်း
ငြိမ်းချမ်းအတူ
ချိုးငှက်ကူဖို့
လူဖြူ လူမည်း
သွေးမခွဲဘဲ
လက်တွဲစိတ်ဓာတ်
ခိုင်ခိုင်မတ်နဲ့
လူသတ်စိတ်ဓာတ်
ရိုင်ချိုးဖျက်ကာ
တိုးတက်ဖွံ့ဖြိုး
လူသားမျိုးတွက်
ကောင်းကျိုးသိမြင်
တီထွင်ကြံလေ
ကမ္ဘာ့မြေပုံ
ချောက်ချားတုန်အောင်
ကြုံမယ့်စစ်မီး
မဆီးတားရင်
ဟီရိုရှီးမား
အဖြစ်များလို
လူသားအရေး
ခဏလေးပင်
တွေးမိရုံနဲ့
ရင်တုန်သွေးပျက်မိပါ၏။ ။
(သြဂုန် ၆ရက်
ဟီရိုးရှီးမားနေ့ အထိန်းအမှတ်)
( ၀ိုင်ဝိုင်ပန်ဦး
)

No comments:
Post a Comment