*လူမရောက်လည်း
ပြေးရောက်စိတ်မှာအခါခါတည့်
အညာရပ်ကအမေ့အိမ်…
*အိမ်လေးငယ်ငယ်
ဂုဏ်မထည်လည်း
ငယ်ခါတုန်းက တူတကွလျှင်
မိဘနှစ်ပါး ချစ်သားများတို့
နေနားခိုလှုံ အေးရိပ်မြုံတည့်
လုံခြုံအေးချမ်း ဘေးမသန်းဘဲ
ရွှင်လန်းနိုးကြား အားမာန်များဖြင့်
လှုပ်ရှားသက်ဝင် ခရီးနှင်ရင်း
အစဉ်ခန့်ညားခဲ့သည်တကား…
*ဇနီးမယား သမီးများနှင့်
ကြီးပွားဂုဏ်သိန် ယခုချိန်ဝယ်
အိမ်တစ်ဆောင်၏ ဂုဏ်အရှိကို
သိမြင်အောင်ကြည့်
ပြည့်အောင်ဖြည့်လည်း
ဖမိမေတ္တာ အရိပ်မှာလျှင်
ငယ်ခါကာလ ပျော်စဉ်ကသို့
သောကတစ်မှုန် မရှိတုံအောင်
လုံခြုံအေးချမ်း လန်းဆန်းကြည်မြ
တက်ကြွရင်တွင်း
ပြည့်စုံခြင်းကား
အလျဉ်းဘယ်မှာ မရသာပြီ…
*သြော်………
ဖမိမေတ္တာ လွှမ်းခြုံပါ၍
အရာခပ်သိမ်း ပြည့်စုံကိန်းလျက်
ငြိမ်းချမ်းမွေ့ သိမ် အမေ့အိမ်ကား
စိန်ရွှေဆင့်လွှမ်း
နတ်ဘုံနန်းထက်
ခမ်းနားပိုမည်
သားယုံကြည်လျက်
မျှော်ရည်ဆွတ်တမ်း
အစဉ်လွမ်းသည်
လှမ်းရောက်မလာနိုင်သူမို့…
မိသို့ဖသို့မေတ္တာပို့…
ယောက်ျားတန်မဲ့ မျက်ရည်စို့……
(ဇော်မင်းမင်းဦး)
ဂုဏ်မထည်လည်း
ငယ်ခါတုန်းက တူတကွလျှင်
မိဘနှစ်ပါး ချစ်သားများတို့
နေနားခိုလှုံ အေးရိပ်မြုံတည့်
လုံခြုံအေးချမ်း ဘေးမသန်းဘဲ
ရွှင်လန်းနိုးကြား အားမာန်များဖြင့်
လှုပ်ရှားသက်ဝင် ခရီးနှင်ရင်း
အစဉ်ခန့်ညားခဲ့သည်တကား…
*ဇနီးမယား သမီးများနှင့်
ကြီးပွားဂုဏ်သိန် ယခုချိန်ဝယ်
အိမ်တစ်ဆောင်၏ ဂုဏ်အရှိကို
သိမြင်အောင်ကြည့်
ပြည့်အောင်ဖြည့်လည်း
ဖမိမေတ္တာ အရိပ်မှာလျှင်
ငယ်ခါကာလ ပျော်စဉ်ကသို့
သောကတစ်မှုန် မရှိတုံအောင်
လုံခြုံအေးချမ်း လန်းဆန်းကြည်မြ
တက်ကြွရင်တွင်း
ပြည့်စုံခြင်းကား
အလျဉ်းဘယ်မှာ မရသာပြီ…
*သြော်………
ဖမိမေတ္တာ လွှမ်းခြုံပါ၍
အရာခပ်သိမ်း ပြည့်စုံကိန်းလျက်
ငြိမ်းချမ်းမွေ့ သိမ် အမေ့အိမ်ကား
စိန်ရွှေဆင့်လွှမ်း
နတ်ဘုံနန်းထက်
ခမ်းနားပိုမည်
သားယုံကြည်လျက်
မျှော်ရည်ဆွတ်တမ်း
အစဉ်လွမ်းသည်
လှမ်းရောက်မလာနိုင်သူမို့…
မိသို့ဖသို့မေတ္တာပို့…
ယောက်ျားတန်မဲ့ မျက်ရည်စို့……
(ဇော်မင်းမင်းဦး)
No comments:
Post a Comment