Monday, August 4, 2014

ဓါးသွားပေါ်ကအိပ်မက်


တန်းတူထားပြီး
တန်ဖိုးသွားညှိမိတဲ့
ငါ့ရင်ဘတ်ကို
မင်းမြင်အောင်ကြည့်
အနီရောင်ကြက်ခြေခတ်တွေ
ခေါင်းမော့လို့ မင်းမူနေတယ်...............
အချင်းဝက်တန်ဖိုး မသိဘဲ
အချင်းတန်ဖိုး ရှာနေမိသူကိုမှ
ပိုက်သာဂိုရ သီအိုရမ်
ရှင်းပြခိုင်းနေရင်တော့
အလင်းပျောက်နေသူ တစ်ယောက်
တည်ဆောက်ထားတဲ့
ပန်းချီကားအောက် မှာပဲ
ငါ ဒူးထောက်လိုက်တော့မယ်....................
ရူးလောက်တယ် ပြောပြီး
အရူးကွက် မနင်းတတ်တဲ့လူတွေကို
ဦးညွှတ်ပြမိတဲ့ သူအတွက်
မင်း ရှက်နေတယ်ဆိုရင်ပေါ့
ကျောက်ခေတ် နောက်မှာ
နေခဲ့လိုက်ပါတော့
ခေါင်းမော့ ရင်ကော့ပြီး
တစ်ယောက်တည်း နဲ့
ပြီးဆုံးသွားမယ့်
ဓါးသွားပေါ်ကအိပ်မက်ကိုပဲ
မအိပ်စက်ဘဲ
မက်မက်စက်စက်
အခန်းဆက် ကို
ငါ ဆက်မက်နေမယ်.....................................။

မင်းခမိုး

No comments:

Post a Comment