အတိတ်တွေ
ငိုနေကြတာ…..
နှင်းတောင်တွေ
ချမ်းနေပါပေါ့….. ကလေးငယ်…..
ဆောင်းတမြိုက်မြိုက်ကြားက…..
တယောသံစဉ်တွေအောက်မှာ…..
အသပြာတွေလိုက်ကောက်ကြသူများ…..
ပစ္စုပ္ပန်နဲ့တင်….
ရင်ကွဲနာကျလောက်ပါရဲ့…… ကလေးငယ်…..
ဆာလောင်မွတ်သိပ်မှုတွေ
ပျော်ဝင်စီးမျောနေတဲ့
အတောင်မဲ့
စကာစလုံးတွေက…..
အိမ်အပြန်လမ်းမထက်
မိသားစုနားခိုရာ
သတ္တလောကရဲ့
၂၄ နာရီ ခွင့်ပြုမိန့်တဲ့လား….. ကလေးငယ်……
နိမ့်လိုက်
မြင့်လိုက်…… မြန်လိုက် နှေးလိုက်
ပေါ့လိုက်
လေးလိုက်…… ရယ်လိုက် ငိုလိုက်……
အတ္တပဉ္စလက်
သရုပ်မဲ့ပြကွက်ဆန်းတွေကြောင့်
အာမခံမရသေးတဲ့…..
အဲဒီဒုက္ခပန်းကို လိုက်မ်းနေရတာနဲ့…..
အရုဏ်ဦးကို
အကြွေးဆပ်…..
သံသရာအတွက်….
အတိုးဆပ်….. ကိုင်း….. ကြည့်လိုက်စမ်းရဲ့…..
ကွန်ဗင်းရှင်းတွေဆီက
ယိုင်နဲ့နဲ့လှမ်းလာတဲ့ ဆောင်းပါးတွေနဲ့
အမြင်မှောက်နေကြတဲ့
အင်န်ဂျီအိုကြားမှာ……
အနာဂတ်ကို
ပုံဖော်ဖို့ ကျင်းပနေကြတဲ့
ဗိုလ်လုပွဲတွေ
စည်ကားနေတုန်းမှာ…..
တစ်စတစ်စ…..
ကြေမွနေတဲ့
အဲဒီအသပြာခန်းကို
လိုက်…… လိုက်……
နမ်းနေလိုက်စမ်းပါ……
ကလေးငယ်……
မင်းလက်ထဲက
မိသားစုဝန်ထုပ်ကြီး
မပျောက်သရွေ့ပေါ့…..။
( ဂယက် )
No comments:
Post a Comment