အငိုလွယ်သလောက်
အရှိုက်ခက်လောကကြီးမှာ
လောဘ…..ဒေါသမီးတွေ
ဟုန်းဟုန်းတောက်။
“လျှင်”သူစား “အ”သူခံ
အမှန်တရား
အမှားလုပ်
“ဓန”အထုပ်ပိုက်ပြီး
အတ္တ “တမံ….တုတ်”ရိုက်နေကြ။
ဘယ်သူသေသေ……
ငတေမာရင်ပြီးရော
စိတ်ဓာတ်
အိပ်ကပ်ထဲက
ပိုက်ဆံနဲ့
လောကဓံကို…..
ပြောင်းပြန်လှန်လို့မရဘူး။
လက်သည်းဆိပ်တော့
လက်ထိပ်နာ
ကိုယ့်ထိမှ…..
မချိအောင်နာတတ်ကြသူတွေ
ကံကြမ္မာလှည့်ကွက်အပြောင်း
“တူ”ဖြစ်စဉ်က
ကောင်းကောင်းနှံခဲ့သမျှ
“ပေ”ဖြစ်ချိန်မှာ
သိမ်ငယ်စွာ ခံလိုက်ပါဦး။
( လင်းလက်နိုင်
)
No comments:
Post a Comment