Monday, August 4, 2014

one to thirteen


တစ်စုံတစ်ယောက်အတွက်
အသိုက်အမြုံ ဆောက်ခဲ့ပေမယ့် ………

နှစ်ယောက်ပေါင်းစပ်ဖို့
အကြောင်းက ခက်ခဲ့ပြီ ……..

သုံးရာသီ ဒီအလွမ်းကို
မှန်းဆ၊တမ်းတကာ ကွာဝေး ……..

လေးလံတဲ့ စိတ်ဒဏ်ရာက
အတိတ်ကိုတဖန် ပြန်သယ်သွားတော့ ……..

ငါးမိနစ်မှာ တစ်ကြိမ်
နှလုံးအိမ်က နာတတ်လာတယ် ………

ခြောက်လှန့်နေဆဲ အိပ်မက်ဆိုးကို
ရိုက်ချိုးရင်း တရေးနိုးတော့ ……..

ခုနှစ်စင်ကြယ် အမြီးထောင်
သန်းခေါင်ညက ပိတ်မှောင်နေပြီ ……….

ရှစ်ခွင်မှာ ဖြစ်စဉ်ကိုပြန်တွေး
တရေးရေးအတိတ် နှိပ်စက်ခဲ့အဖြစ်ဆိုးက ……..

ကိုးစားစရာ ဘုရားမှတပါး
အခြားမရှိတော့ပြီ ………

ဆယ်လီ ဆယ်ကြိမ်
အချိန်တွေ နောက်ပြန်ဆုတ်ပြီး ………

ဆယ့်တစ်မီးလဲ ငြိမ်းချင်ပါသည် ……
ဆယ်နှစ်လရာသီလုံး မဝေး၊မဆွေးချင်တော့ပါ ….
ဒါပေမယ့် ……
ဆယ့်သုံးဂဏန်းက
အကျုံးဝင်နေတုန်းပါပဲလေ ……..

ဘိုရဲ

No comments:

Post a Comment