မိုးတွေသည်းသခိုက်
အိုက်လိုက်တာကွယ်…..
ရာသီဥတုက
ခုတလော မာယာများ
လှည့်စားနေတယ်။
တိမ်ရိပ်မှောင်
နေပူကျဲ
သူ့အကဲ ဟန်ရေးခြယ်
ယုံလွယ်ရင်
အမှား။
ကဝေအရပ်မှာ
အနေမတတ်ရင်တော့
လုပ်ဇာတ်တွေ
လိမ်ပွေလို့
တို့တစ်တွေ
အညာခံထိမယ်
(ပြည်သူရေ…..)
သတိတော့ထား။ ။
( တိုးဝေ
)
No comments:
Post a Comment