Friday, August 1, 2014

အတုမလုပ်နဲ့


မေတ္တာပန်းတစ်ပွင့်
ကမ်းလင့်လို့ ပေးခိုက်
နမ်းရှိုက်သူရင်မှာ
မွှေးလှပ်စေ …..
သစ္စာပန်းတစ်ပွင့်
လှမ်းဆင့်လို့ပေးခိုက်
ပန်ထိုက်သူရင်မှာ
ချိုမြပါစေ …..
မေတ္တာ သစ္စာပန်းနှစ်ပွင့်
ပန်ဆင်သူတိုင်းနဲ့သင့်
တင့်တယ်စဖွယ် အပြုံးလှ
မြင်သူတိုင်းက ရှုမ၀ …..
အတုပန်းတော့ မထုဆစ်နဲ့
ယဲ့ယဲ့အပြုံးမှာ အမုန်းမီးတောက်
သောကထောင်ချောက်မှာ
မျက်ရည်တွေ ပေါက်ကျရမယ်
အတုပန်သူများ သတိထား …..။

ဆုမြင့်မြတ်မိုရ် (မေတ္တာပန်းကလေး)

No comments:

Post a Comment