Wednesday, August 6, 2014

ခွင့်လွှတ်တယ်


အများပိုင်
အများဆိုင်
ကိုယ်ပိုင်တယ် သဘောထား
အလွဲသုံးစား မှားတယ်။
အခြွေအရံ
ခြွေလို့ရံတယ်
ဝိုင်းကွယ်ဝိုင်းဖုံး မျှဝေသုံး
အများဆုံး မှားပြန်တယ်။
တရားနဲ့ ဖြေညွှတ်
ခွင့်လွှတ်တယ်ကွယ် ခွင့်လွှတ်တယ်။
မတရား စားရင်
မတရား ပြန်အန်လိမ့်
မတရား လုပ်ရင်
မတရား ပြန်ခံရမှာပဲ
ကိုယ်မခံရအောင် မမှားစေနဲ့။
သံသရာမကြောက်လို့ ဖောက်ပြန်
တစ်ကိုယ်ကောင်းဆန် လုပ်စား
စားပါစေ…. စားပါစေ
အများဆင်းရဲ ကိုယ်ပဲကောင်းစား
သူတော်ကောင်းတရား မဟုတ်။
ကွယ်… တစ်ဘ၀၊ ခဏစံ
တစ်သံသရာခံမယ့် “အပြစ်သား”
အားမကျနဲ့ မတုပနဲ့
လောဘမှန်သမျှ “ဘ၀”ရဲ့ရန်။    ။

( ခြိမ့်နိုင် )

No comments:

Post a Comment