Friday, August 8, 2014

အလှဆုံး


သူတို့လို ပညာမတတ်လို့လား
ကိုယ့်ကိုယ်ကို မသိမ်ငယ်ပါနဲ့
အမျိုးမျိုးသောအကြောင်းကြောင့်
ကျောင်းပညာမပြည့်စုံပေမယ့်
မင်းမှာ ဘ၀ရဲ့အသိပညာတွေ
အများကြီးရှိတာ သူတို့ထက်သာပါတယ် ...

သူတို့လို မချမ်းသာလို့လား
ကိုယ့်ကိုယ်ကို ဂုဏ်မငယ်ပါနဲ့
ဘ၀ပေးအခြေအနေကြောင့် ခုမဖြစ်နိုင်သေးပေမယ့်
မင်းမှာ ခိုင်မာတဲ့ရည်မှန်းချက်သာရှိရင် တနေ့မှာချမ်းသာမှာပါ ...

သူတို့လို မလှလို့လား
ကိုယ့်ကိုယ်ကို စိတ်မပျက်ပါနဲ့
အရမ်းလှတဲ့ပန်းလေးလည်း တနေ့မှာညိုးနွမ်းသေးတာပဲ
ဒါတွေက သင်္ခါရတွေပါ
မြေမှာကြွေကျတဲ့ သစ်ရွက်ခြောက်လေးတောင်
သူ့အလှနဲ့သူရှိပါတယ်
မင်းစိတ်ထားလေးလှနေသရွေ့
ကမ္ဘာပေါ်မှာ " မင်းအလှဆုံး " ဆိုတာ မှတ်ထားလိုက်ပါ .....

No comments:

Post a Comment