Monday, August 4, 2014

အိမ် စောင့်


ဒီဟာ စားလိုက်
အရိုး ကိုထုတ်ကိုက်
ဟုတ်ကဲ့ ဟုတ်ကဲ့
( ** ** ** )
ဒီဟာ လုပ်လ်ိုက်
ဒူးတုတ် ခစား
ဟုတ်ကဲ့ ဟုတ်ကဲ့
( ** ** ** )
သည်မှာ နေလိုက်
မငိုက် မလှုပ်
ဟုတ်ကဲ့ ဟုတ်ကဲ့
( ** ** ** )
သည်မှာ အိပ်လိုက်
မလှုပ် မှေး မှိတ်
ဟုတ်ကဲ့ ဟုတ်ကဲ့
( ** ** ** )
အောင်မြင် အောင်လုပ်
မေးခွန်း မထုတ်နဲ့
ဟုတ်ကဲ့ ဟုတ်ကဲ့
( ** ** ** )
ခြံလုံ အောင်လုပ်
အပြတ် ရှင်းထုတ်
ဟုတ်ကဲ့ ဟုတ်ကဲ့
( ၀ုတ် ၀ုတ် ၀ုတ် )

Brown Key

No comments:

Post a Comment