Friday, December 12, 2014

ငြိမ်းချမ်းပါစေအမိမြေ

မငြိမ်းချမ်း၍ လှုပ်ယမ်းမငြိမ်
အိုးအိမ်ပစ်ခွာ မြို့ရွာပျက်ယွင်း
ရှောင်ကွင်းမရ ဒုက္ခမျိုးစုံ
သိုင်းခြုံဖွဲ့နှောင် ပိန်းပိတ်လှောင်ခဲ့
ရှင်ရေးခက်ကြုံ ငရဲဘုံတည့်။     
အချင်းချင်းတွေ စစ်ခင်းနေကြ
သူသေ-ကိုယ်သေ မိုက်မဲချေပြီ
နင်းချေခံစား ပြည်သူများမူ
ထားရာမှာနေ စေရာသို့သွား
ဘ၀ခါးဝယ် လူသားပုံသွင်
မပီပြင်နိုင် ရှင်သန်ခက်ခဲ
ရုန်းကန်ဆဲတည့်။        
လွတ်လပ်ရေးရ ရန်ပွဲစခဲ့
ကာလရှည်ကြာ အားလုံးနာခဲ့
မြန်မာပြည်ဖွား တိုင်းရင်းသားတို့
အမှားလမ်းဝယ် မျက်စေ့လည်ခဲ့
ရန်စွယ်မရှင်း ဒေါသတင်းခဲ့
စစ်ခင်းရင်ဆိုင် အမိုက်ပြိုင်ခဲ့
အနိုင်မရှိ အရှုံးချည့်သာ
ပြည်လုံးနာခဲ့။   
ဟိုရှေးဆီက ဌာနီပုဂံ
တောင်ငူဟန်နှင့် တစ်ဖန်ရွှေဘို
အားသစ်ပိုကာ ရွှန်းစိုကြွယ်ဝ
တောက်ပဘုန်းရှိန် ဂုဏ်ဖြိုးသိန်သို့
အချိန်မလင့် မဆိုင်းဖင့်ဘဲ
တိုးမြှင့်စွမ်းရည် စည်းလုံးညီစို့
မာန်ချီဝင့်ကြွား တိုးကြိုးစားစို့
နိုးကြားချစ်ကြည် ပြည်သစ်တည်စို့
ရွှင်ကြည်ငြိမ်းချမ်း တို့ကြိုးပန်းစို့။ 

ပွင့်သစ်

No comments:

Post a Comment