Saturday, December 6, 2014

ဝိရောဓိပုံရိပ်

ပြည်သူအပေါင်းကို တည်မှီ
ဒီမိုကရေစီလမ်းဖောက်
ထိုစဉ်ခရီးတစ်ထောက်မှာဖြင့်
တစ်ယောက်နှင့် အများ
ဖြစ်ပွားမှု ပြဿနာ
အဖြေရှာ အမှန်တရား
ကွဲပြားစွာ အောင်မြင်သူက
အများပြည်သူ မဟုတ်လား။
ပြည်သူ့အရေးဆို ဖယ်ကြဉ်
အာဏာရှင်အုပ်စိုး
ဘုန်းတန်ခိုး ထွန်းတောက်ကာလ
တစ်ယောက်နှင့် အများ
အငြင်းပွား ပြဿနာ
အဖြေရှာ မလွဲမှား
ပြတ်သားစွာ အောင်နိုင်သူက
သူတစ်ယောက်တည်း မဟုတ်လား။

အေးသဏ်းမင်း

No comments:

Post a Comment