Friday, December 26, 2014

ဆလိမ် င သတ်တဲ့ ဆင်

ဆင်တစ်ကောင်လုံးတွေ့နေတာတောင်
ဆင်ခြေရာ ရှာလို့မတွေ့
ဆင်က ရွေ့မှမရွေ့တာလေ
ဆင်သေကိုဘာရေနဲ့ဖုံးမလဲ
ဆိတ်တွေလဲ မျိုးတုံးလုပြီ
ဆင်ဖြူတော်မှီပြီးသကာလ
ဆင်သွားရည် တဒီးဒီးကျပြ
ဆင်မယဉ်သာဟန်လေးနဲ့
ဆင်ကြံကြံ ဆင်တွေးတွေး
ဆင်ကျင်ငယ် ပင်လယ်ဘေးးးးမှာ
ဆင်လေး ဆင်ကြီး
ဆင်ထီး ဆင်မများးးး
ဆင်သွားရင် လမ်းဖြစ်တယ်ဆိုပီး
ဆော်ပလော်တီးးးး ပြီးမှ
ဆောဒီးးးးး တဲ့ အေ
ဆင်ကန်းတွေ ဆင်ခြင်မဲ့လို့
ဆုံးရှုံးခဲ့ရတာတွေ
ဆယ်ကမ
ာတိုင်စေဦးတော့
ဆယ်မိုးဆယ်နွေမျှော်လေလေဝေး
ဆယ်ယူ ကူပေးလည်းမရ
ဆဲရေးသံတွေက နဘံမိုးးးးးမှို့
ဆိတ်ဆိုးရင်တော့ သိုးမွေးးးကြ လကွယ် ။

ကိုကိုမောင်

No comments:

Post a Comment