ဆိတ်ကျောင်းညောင်အောက်
ဘုရားရောက်လည်း
တစ်ယောက်ကမျှ
ကျွတ်မရသည့်
ဘ၀ဆုံးပါး ဆိတ်ကျောင်းသား…။
ရသာစုံဖြိုး
ဟင်းလေးအိုးတွင်
ထိုးစိုက်မွှေနှောက်
ရသာပျောက်သည့်
ယောက်မဇွန်းအလား ထိုလူများ…။
လမင်းဆိုတာ
ဟိုဟာပါကိုး
လက်ညှိုးထိုး၍
အမျိုးမျိုးမျှ
ညွှန်းကာပြလည်း
လကိုမမြင်
လက်ညှိုးတွင်သာ
အမြင်စွမ်းအား ဆုံးသာများ…။
ယနေ့ခေတ်တွင်
မျက်မြင်ထွန်းကား
ပညာများနှင့်
ဆပွားဖုံဖုံ
တွေ့အကြုံတို့
ဆုံရတွေ့ရ
မျိုးစုံလှသည်
တစ်စမမြင်
ဖတ်မတင်မူ
သင်လည်းမခြား ဆိတ်ကျောင်းသား…။
လျှမ်းထက်အောင် (ရေဦး)
No comments:
Post a Comment