Friday, December 5, 2014

လုံးဝရင်မှာ လပြည့်ဝန်း



ဘ၀တစ်ကွေ့အမှားတွေ့လည်း
အမှားကိုအမှန်ပြင်လို့
လက်ရှိအခြေဘ၀နွေသည်
စမ်းရေပမာအေးတကား။         
ကြက်ဟင်းခါးတမာ
ဘယ်လောက်ခါးခါး
ညက်ညက်ဝါးသော်
အခါးထဲကအချိုတွေ့သည်။      
အမှားဆိုးကြောင့် ဒုက္ခရောက်တော့
ရင်မှာခံစားနောင်တများနဲ့
သောကဝေဆူ ရင်အပူဟာ
ခွင့်လွှတ်ဆီးကြို အမေအိုရဲ့
ချိုသာအပြုံး လွှမ်းခြုံဖုံးတော့
လုံးဝရင်မှာ လပြည့်ဝန်း။          

တောင်လှေကားငှက်ခါး

No comments:

Post a Comment