နွားကွဲလို့လည်း မဖြစ်ဘူး
ကျားဆွဲတာလည်း မခံနိုင်ဘူး
ကမ္ဘာဦးကတည်းက ရွှေမြန်မာ
ကိုယ့်နေရာ ဘယ်မှမရွေ့
မြန်မာဟေ့လို့ ၀င့်ကြွား
စိတ်ထားတွေ မြင့်မားဖို့လိုပြီ။
အပွင့်လို အပင်ပျိုးသော်လည်း
ညှိုးရော်စရာ နေပူလမ်းကိုဖြင့်
မျှော်မှန်းကာ ပြည်မလှည့်နဲ့
ကျန်ခဲ့တဲ့ရက်တွေကို သင်ခန်းစာယူ
နောက်လူကိုသာ လမ်းမှန်ပြပါတော့။
ခေတ်တစ်ခေတ်ရဲ့ သမိုင်း
ဘယ်တော့မှမရိုင်းဖို့ တာဝန်ယူ
ရွယ်လူဆိုတာ သာစမြဲ
အကြံရဲရဲ ရှေ့ဆက်
နေ့ရက်တွေကို ချီတက်စို့။
ပန်းတိုင်သို့ ရည်ရွယ်မှန်း
ဆူးလမ်းတို့ ဖြစ်ချင်ဖြစ်
ငြိမ်းချမ်းရေးအစစ်ရဲ့ တန်ဖိုး
ဘယ်လိုသွေးထိုးလို့မှ မပျက်
လက်တို့သာ ခိုင်ခိုင်မြဲ
အဲဒီပွဲ နိုင်ကိုနိုင်ရမယ်။
မင်းလွင် (ပမ္မ၀တီ)
No comments:
Post a Comment