Friday, December 12, 2014

စိတ်မရှည်တော့ဘူးနော်

မနက်ဖြန်မှသည် မနက်ဖြန်ဆီသို့
ရည်ညွှန်းခဲ့ ရက်ပေါင်းများစွာ
ကြာတော့လည်း နားမှာခါးခဲ့ပြီလေ
သားမရှိတော့တဲ့ မိခင်နဲ့
ဖခင်မဲ့တဲ့သား
မယားတွေလည်း အထီးကျန်
ဟန်မကျတဲ့ ဘ၀တွေမှာ
ချိုင်းထောက်တွေနဲ့ လက်မဲ့တွေ
ယိုင်နဲ့နဲ့ မှတ်တိုင်များ
တစပြင်ကြားက ရှိုက်သံတွေ ဘ၀တွေ သဝေထိုး
ဆန်အိုးကိုကုတ်ခြစ်
ဒန်အိုးက အလုပ်မဖြစ်ရတဲ့အထဲ
မသဲကွဲတော့တဲ့ အလင်းရောင်မှာ
ကောင်းကင်သစ်မပျံနိုင် လက်မှိုင်တွေတွေချ
ချောင်ကျကျ မှောင်ရိပ်တိုး
ငြိမ်းချမ်းရေး ချိုးငှက်ကလေး
အမွေးတွေဆွဲနုတ် မီးနာနာဖုတ်ပြီး
တောက်…..
ဟင်းလုပ်သာ တီးလိုက်ချင်တော့တယ်။

သတိုးချာလီဆွေ

No comments:

Post a Comment