Saturday, January 10, 2015

* ပဲ့နင်း *

ရွှေမင်းဝံ ခြေရင်းက
မြစ်မင်း ယဉ်ဧရာ
ဝိုင်းခွေလို့လာ ။
မင်းဝံက ပြာ ဧရာက ဖွေး ။
လှေလောင်းညို ရေဂယက်မှာ
လင်းရွက်နဲ့လေး ။
ှဂေါဝိန်ကို ပဲ့ခိုင်းလို့
နံကိုင်းမြတ် စေတီယံ
ဖူးတော့မယ် ဟန် ။
ဖူးမယ်လို့ ကြံ
အတန်ကြာ ကြက်ရွှေနန်းကို
ဦးလှည့်လို့ ယမ်း ။
ကြက်နန်းက ဖယ်ပြန်တုံ ။
နံကိုင်းရှင် ခြေတော်မှူးကို
ဦးတိုက်ပြန်တုံ ။
ကြက်နန်းကိုစုန် စုန်ပါတော့လား ။
နံကိုင်းကိုစုန် စုန်ပါတော့လား ။
ရွက်လင်းယဉ် လှေတစ်စင်းနဲ့
အလို အို ပဲ့နင်းရယ်
မင်း လူလှည့်စား ။
 
ဇော်ဂျီ

No comments:

Post a Comment