ကြွယ်ဝသူတိုရဲ့ ပလွှားမှု
ကျပ်တည်းသူတို့ရဲ့ မောပန်းမှု
မြို့ပြရဲ့မြင်ကွင်းထဲ
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကခုန်နေကြတယ်။
“သေရင်ပြီးတယ်” သည်စကား
တရားတယ်ထင်သူတွေလည်း
အများသား
ဘာသာတရား မဆန်လိုက်တာဗျာ…..။
မုဆိုးနားနီးလို့ မဆိုးဖြစ်သွားသတဲ့
သူ့ရဲ့သံဝေဂစကား
ရင်နာဖို့ကောင်းလိုက်တာ…..
ဒီအတိုင်းသာဆို
မုဆိုးတွေများတဲ့ သည်မြို့ပြထဲမှာ
ဟူး…..
တွေးရင်းနဲ့မော
မုဆိုး မုဆိုးချင်း သားကောင်လုပ်မယ့်ပွဲ။ ။
သင်းကွဲနွေ
No comments:
Post a Comment