Saturday, January 24, 2015

“အနှိုင်းမဲ့ မေတ္တာ”

အမေက သားသမီးအတွက်ဆို。。。。
ဘ၀ကို ပေးရဲတဲ့ အမေ
အလှကို စတေးရဲတဲ့ အမေ
သွေးမျက်ရည် ခခဲ့ရတဲ့ အမေ
သွေးစက်တွေ ကျခဲ့ရတဲ့ အမေ
ဒေါသနဲ့ မဆုံးဖြတ်နိုင်တဲ့ အမေ
သောကနဲ့ ပြုံးတတ်တဲ့ အမေ
စာနာသနားတတ်တဲ့ အမေ
မာယာမများတတ်တဲ့ အမေ
ဖြူစင်စေတဲ့ အမေ
သိပ်ချစ်တတ်တဲ့ အမေ
စိတ်မညစ်တဲ့ အမေ
ဆုံးမတတ်တဲ့ အမေ
ပြုံးပြတတ်တဲ့ အမေ
အမှားပစ်တဲ့ အမေ
တရားချစ်တဲ့ အမေ
အသည်းမပျော့တဲ့ အမေ
ဇွဲမလျှော့တဲ့ အမေ
အပိုမကြိုက်တဲ့ အမေ
အလိုမလိုက်တဲ့ အမေ
အပြစ်မဆိုတဲ့ အမေ
အချစ်ပိုတဲ့ အမေ
အသာမစံရတဲ့ အမေ
အနာခံဘ၀နဲ့ အမေ
ဒဏ်ရာတွေနဲ့ အမေ
တာဝန်ကျေတဲ့ အမေ
ချွေတာတတ်တဲ့ အမေ
ငွေရှာတတ်တဲ့ အမေ
မျှတမှုကို ဦးစားပေးတဲ့ အမေ
လှပမှုကို ဦးစားမပေးတဲ့ အမေ
အပြုံးမပျက်တဲ့ အမေ
အမုန်းမဖက်တဲ့ အမေ
အချစ်ကိုလည်း ပေးတဲ့ အမေ
ပညာတွေလည်း ပေးတဲ့ အမေ
အကြင်နာတွေလည်း ပေးတဲ့ အမေ
ရှေ့ရေးမြင်တဲ့ အမေ
အမွေပေးချင်တဲ့ အမေ
မကြွားဝါတတ်တဲ့ အမေ
စေတနာထားတဲ့ အမေ
မင်္ဂလာတရားနဲ့ အမေ
ပြုစုတတ်တဲ့ အမေ
ယုယတတ်တဲ့ အမေ
အသိနက်တဲ့ အမေ
မရှိမဖြစ်တဲ့ အမေ
အနှိုင်းမဲ့မေတ္တာ အသင်္ချေ
လူသားအားလုံး စံထားထိုက်တာ
အမေပါပဲ...အမေ.။

No comments:

Post a Comment