အမှိုက်ပုံမှာ
ဝိုင်းအုံတိုက်ခိုက်၊ ပုရွက်ကိုက်
အမိုက်ဇာတ်ခင်း၊ ရက်စက်ခြင်းလေ
အဘယ်မိခင်၊ စိတ်ရိုင်းဝင်ကာ
သည်တွင် စွန့်ပစ်ခဲ့သနည်း။
ရည်စားအပူ
သမီးသားအပူ
ဇနီးမယားအပူ
စီးပွားအပူ
သည်အပူတွေ စုဝေး
ကမ္ဘာကြီး ပူနွေးလာရာကစပြီး
တဖြည်းဖြည်းနဲ့ ကမ္ဘာကြီး
မီးဟုန်းဟုန်းတောက်တော့မည်လော။ ။
ဇော်နောင်
No comments:
Post a Comment