Saturday, January 24, 2015

သန္တိလမ်းဆုံသို့

အဖြူ အနက် ပမာပုံကွဲသော်လည်း
မူမပျက် အလွှာဂုဏ်မခွဲကြပါနဲ့ 
ကမ္ဘာဘုံထဲက သူသူငါ.။

မာန်မာနဈာန် အဝေးနှင်လို့ 
ရန်ဌာနဟန် အတွေးရင်မှ
မှေးမရွှင် ဒီသရုပ်ကိုဖြင့် 
မောင်းထုတ်ကြပါ..။

မြန်းစရာအစဉ် တစ်တွင်းထဲပေမို့ 
ချမ်းသာအသွင်ဆင်းရဲ ခွေဆင်းရှာမယ်
လှမ်းစရာဘုရင်မင်းလည်း သေမင်းရွာ
ကွေကွင်းရာ မနိုင်ကြောင်း..။

အေးမျှအပူ တူယှဉ်တွဲပါလို့ 
ဖေးမကူ ယူငင်ဆွဲပါဗျ
လူတစ်ခွင်ထဲ အသပြာအာဏာစိုးကာဖြင့် 
မဟာမျိုးတွေ ငါ..ငါ.သုံးလျင်
(အဟုတ်ကွယ်)
မုန်းဖို့ လွန်ကောင်း.။ ။

မောင်စိုးမိုး စကားဝါမြေ

No comments:

Post a Comment