Saturday, February 14, 2015

"ရှုထောင့်"

လက်ဖမိုး လက်ဖဝါး
တောပြောင်းကျားနဲ့ ရွာပြောင်းလူ
ကမ်းနှစ်ဖက်မီးခိုးတန်းတွေ
မြစ်လယ်မှာ ယှက်လိမ်အုံခဲ……….

စဉ်းစားမိတာက
ပင်လယ်ပြာ ……. လှိုင်းခေါင်းဖြူ
မြစ်ကြောင်းဝါ …... ကန်ရေစိမ်း
မိုးစက်တွေ ဘယ်ပုံဆင်းခဲ့သတုန်း ?

ကိုယ်ခြံကမြက်ခင်း ပိုစိမ်းတယ်ထင်ကြ
ကိုယ့်ရိုးရာ ကိုယ်တင်မြှောက်ကြ
ကိုယ့်ကြော်ငြာ ကိုယ်လည်ကမ်းကြ
………………………………….နဲ့

တကယ်ဆို
ဟောသည့်ကမ္ဘာ လုံးလုံးကြီးနဲ့
အဆုံးစမဲ့ စကြာဝဠာထဲ
ဦးခေါင်းတည်ရာ အရပ်ကိုသာ
အထက်လို့ဆိုချင်တယ်........

No comments:

Post a Comment