Friday, February 20, 2015

လောင်းရိပ်

ပင်အသက် ငယ်နုလို့
တမင်မျက်ကွယ် မပြုဝံ့သလား
ပင်ထက်ထိနွယ်
တွယ်ရာခင် အရိပ်မိုး
နေမထိုး အလင်းကွယ်လို့
ပင်အရိုးရိုး သွယ်သွယ်
အရွက်ငယ် တွန့်လိမ်ကောက်
မဖြစ်မြောက် ဗီဇဆိုး
ရိုးမြေကို အပြစ်ဖွဲ့မလား
ဆိုးရေကို အသစ်လှည့်မလား
အကျိုးဖွေ အဖြေရှာတော့
ပင်အိုဟောင်း ရွက်ထပ်ခွေ
အလင်းငတ်နေ ပင်ပျိုနု
လျင် အခု မကြာလိုတော့
အရင် အခု နောင် အရှည်တွေးလို့
ပင်အိုဟောင်း ကိုင်းအခက်နွှာ
လင်းလက်ဖြာ အမှောင်ခွင်းစေရင်း
အဲဒီ……
လောင်းရိပ်ကို ရှင်း။

မင်းထွန်းမင်း

No comments:

Post a Comment