တောက်မယ့်မီးခဲ တရဲရဲတဲ့
အကြိမ်ကြိမ်ရဲခဲ့ပါလျက်
မတောက်နိုင်ခဲ့တဲ့ မီးခဲတချို့
သည်ရွာလေးမှာရှိတယ်။ ။
ကိုယ့်ကိုကိုယ်သွေးပြီး
ထက်ခဲ့ရတဲ့ဓားတွေကို
ဓာဒအိမ်ထဲကနုတ်ခွင့်မပေးခဲ့တာ
သည်ရွာလေးမှာရှိတယ်။ ။
အရှိန်ပြင်းစွာ စိုက်ဝင်ပြချင်ပါလျက်
ပစ်မှတ်မရခဲ့တဲ့
မြားအစင်းပေါင်းများစွာ
သည်ရွာလေးမှာရှိတယ်။ ။
သည်ရွာ…..
ခြင်္သေ့တို့ ဟိန်းခွင့်မရတဲ့ရွာ
လင်းယုန်တို့ ပျံခွင့်မရတဲ့ရွာ
ကြယ်စင်တို့ လင်းခွင့်မရတဲ့ရွာ
မလှပတဲ့ နိဒါန်းနဲ့
အဆုံမသတ်တဲ့ နိဂုံးတို့
ကြေမံပြည့်ကျပ်နေတဲ့
ကမ္ဘာပေါ်က
(ပုံပြင်မဟုတ်တဲ့)
ရွာလေးတစ်ရွာအကြောင်းပဲဆိုပါတော့။ ။

No comments:
Post a Comment