Saturday, February 14, 2015

သားကောင်

ကြွယ်ဝသူတို့ရဲ့ ပလွှားမှု
ကျပ်တည်းသူတို့ရဲ့ မောပန်းမှု
မြို့ပြရဲ့မြင်ကွင်းထဲ
ပုံသဏ္ဍာန်မျိုးစုံနဲ့ ကခုန်နေကြတယ်။
“သေရင်ပြီးတယ်” သည်စကား
လက်ကိုင်ထား
တရားရတယ် ထင်သူတွေလည်း
အများသား
ဘာသာတရားမဆန်လိုက်တာများဗျာ…..။
မုဆိုးနားနီးလို့ မုဆိုးဖြစ်သွားသတဲ့
သူ့ရဲ့သံဝေဂစကား
ရင်နာဖို့ကောင်းလိုက်တာ…..
ဒီအတိုင်းသာဆို
မုဆိုးတွေများတဲ့ သည်မြို့ပြထဲမှာ
ဟူး…..
တွေးရင်းနဲ့ရင်မော
မုဆိုး မုဆိုးချင်း သားကောင်လုပ်မယ့်ပွဲ။  

သင်းကွဲနွေ

No comments:

Post a Comment