Friday, February 6, 2015

ပွဲတိုးမည့် မညှိုးပန်း

သူ့ရဲ့အလှ၊ မထည်ပလည်း
ရိုးစွသောဂုဏ်၊ ရနံ့ထုံ၏။
သူ့ရဲ့စကား၊ မခံ့ညားလည်း
ရိုးသားသောဂုဏ်၊ ရနံ့ထုံ၏။
သူ့ရဲ့သွင်ပြင်၊ တော်မ၀င်လည်း
ရိုးအင်စွမ်းဂုဏ်၊ ရသစုံ၏။
အရာရာမှာ
ဘယ်ခါမညှိုး၊ ရင်မှာပျိုးသည့်
ရိုးသားခြင်းသာ၊ မရိုးပါတည့်
ရိုးသည့်ဂုဏ်ပန်း၊ ထုံထုံလျှမ်းကို
ဘယ်ပန်းသာလို့ ယှဉ်ပါဝံ့။

ဌေးကြည် (စလင်း)

No comments:

Post a Comment