အမိုးကာ မလုံ
ရေစိုယုံ ရွှဲရွှဲ ဆိုယုံလေး
ရေယိုနေတဲ့ သက်ကယ် ဓနိ
အမိုးရယ် ကျဲကျဲ
အဖိုး တွေနဲ့ နေတဲ့ ကျမ တို့အိမ်
ဆီဖိုး နှစ်ဆယ်
ငပိဖိုး တစ်ဆယ်နဲ့
ဘဲဥ သုံးလုံး
ည မနက် ရ ယုံဖြင့်
အထပ်ထပ်ငတ်ခဲ့ရတဲ့
အိုးသဂျီး ရဲ့ ဟင်းစာ
အမိ အဖ သတိရလျှက်
ဘယ်ဆီနေမှန်းမသိ
အဖိုး သည်သာ အမိ
အဖိုး သည်သာ အဖ မို့
အမေ့မျှော်လည်း ပေါ်မလာ
အဖေ့ မျှော်လည်း မသေခြာ
မနက်ဖြန် လာ မလား
သဘက်ခါ လာ မလား
ပွဲတော်ချိန် နီး အမိဖ မျှော်ရ
အုတ်လှေခါးလေး ခါးတွေနာလှ
မညည်းပြပဲ ရေကန်လေးထဲ
ခြေဆင်းချ လို့
ငဲ့ကာစောင်းကြည့် မေးခွန်း ထုတ်ရက်
ကျမ တို့ အိမ်လေးထဲ
အဖေ အမေ ဘယ်နေ့ ပြန်ခဲ့မလဲ
တိတ်ဆိတ်နေတဲ့ အိမ်အိုထဲ
တခါတလေ ဆူညံချင်တယ်
မိသားစု စိုပြေယုံလေး
ဟိုငေး ဒီငေး
ဘေးအိမ်တစ်ချို့ရဲ့
မိသားစု ဆည်းလည်းလေးတွေ
ဆူညံနေတာ ငေးမောရင်း
စိတ်ထဲ ကျိတ်တွေး
တစ်နေ့ ပေါ့ တို့တွေ
မိသားစု
ဆည်းလည်းသံလေး ဆူညံဖူးမှာပါတွေးရင်
အဖိုးလည်းဆုံး.......
အသိုက်ဆိုတာ ဆွေးမြေ့ယုံလေး
ပြိုကွဲကြလို့........
ဒီ ဆည်းလည်းလေးတွေနဲ့
ဝေး ခဲ့ရပြန်တဲ့......ကျမ တို့ အိမ်
▶ဝါ◀
No comments:
Post a Comment