အိတ်ပခြုပ်နေ
အတိပ်ထုတ်မြွေလို။
အလှောင်ခံမျိုး
တောင်ပံကျိုး ငှက်လို။
တစ်စတစ်စ ကျွေးထားတဲ့
အလှမွေး ငါးလို။
အထိန်းခံဘ၀နဲ့
ဟိန်းဟန်မရတဲ့ ကျားလို။
အနေခက် ကျားနဲ့
မြွေ ငှက် ငါးတို့ ဇိမ်ကျလည်း
အိမ်အလှပဲလို့ ဘယ်တော့မှမမြင်။
ငှက်ကကောင်းကင်
ချောင်းအယဉ်မှာ ငါး
ကျားကတော့ တောနေမှပျော်
မြွေကတော့ တွင်းမှာဇိမ်ခတ်
အိမ်မှတ်တတ်တာ သဘာဝ။
မိုးကျော်စိုး (မကွေး)
No comments:
Post a Comment