Thursday, February 19, 2015

ပြန်လမ်းမကြုံ

တစ်နေ့တစ်ရက်
လက်ချိုးတွက်ရင်း
ပြန်လာမယ့်ရက်
မှန်းကာ မျှော်……

သေနတ်တစ်ချက်
ရင်ကိုနှက်လို့
နှုတ်ဆက်ခဲ့ပြီ
မျှော်သူဆီသို့ မလာကြောင်း……။


(အပြန်လမ်းကို စောင့်မျှော်နေသော စစ်သည်များ၏ မိသားစုဝင်များအစား ခံစားရေးပါသည်)

-Zora-

No comments:

Post a Comment