တစ်လှေတည်း စီးကြရင်းနဲ့
တေးဆိုညည်းသူလည်း ပါရဲ့။
တစ်လှေတည်း စီးကြရင်းနဲ့
အဆွေးပိုကြီးသူလည်း ပါရဲ့။
တစ်လှေတည်း စီးကြရင်းနဲ့
ရှိုက်ကြီးတငင်ငိုကြွေးတဲ့သူလည်း ပါရဲ့။
တစ်လှေတည်း စီးကြရင်းနဲ့
ငြင်းကြခုံကြသူတွေလည်း ပါရဲ့။
ဒါပါပဲ…..
တစ်လှေတည်းစီး
တစ်ခရီးတည်းသွား
ရှည်လျားတဲ့ ခရီးဘောင်
ဘယ်သောင် ဘယ်ကမ်းမှန်းမသိ
ညှိဖို့ရာတောင်းဆို
ညီကြဖို့ကလည်း လိုလိမ့်မယ်။
မန်းးတင့်ဇော်
No comments:
Post a Comment