အသင်ရထားကြီး
သင်ဖြတ်သွားသော်
ငယ်စဉ်ကလေးဘဝ
ဘာကြောင့်ရယ်မသိ
ငါတို့ပျော်၏။
အသင်ရထားကြီး
ငါကြီးလာသော်
ပညာရှာမှီး
မြို့သို့သွားရန်
သင့်ကိုစီး၏။
အသင်ရထားကြီး
ငါအရွယ်ရောက်သော်
ပညာတတ်မြောက်
လုပ်ငန်းရောက်၍
မြန်ပြည်တစ်လွှား
သင်သွားလိုရာ သွားနိုင်စေရန်
ငါ့ပညာဖြင့်
လမ်းဖောက်-တံတားဆောက်
လုပ်ဆောင်ခြင်းဖြင်
သင်လည်းပျော်ရွှင်
ပြည်သူအများ
ဝမ်းမြောက်ပါစေသတည်း။
မင်းသုတ
No comments:
Post a Comment