Sunday, November 2, 2014

စက္ကူငှက်

မြို့ပြမှာ မွန်းကျပ်
အသက်ရှူရ ခက်လာတဲ့အခါ
လေဟုန်ကို ဆန်တက်
အမြင့်ကို ပျံထွက်ချင်မှ
ငါက
အတောင်မတပ်ရသေးတဲ့
စက္ကူငှက်မှန်းသိလာရတယ်။

ခေတ်သစ်ချို

No comments:

Post a Comment